Sunday, April 24, 2011

မဲဆောက်တောင်ယာမှာ မင်းသုဝဏ် မူကြိုကျောင်းသစ်ဖွင့် (ပြင်ဆင် ဖြည့်စွက်ချက်)

“မဲဆောက်တောင်ယာမှာ မင်းသုဝဏ် မူကြိုကျောင်းသစ်ဖွင့်” သတင်းနှင့် ပတ်သက်ပြီး ကျောင်း ဖြစ်မြောက်ရေး ကော်မတီမှ သတင်းပါ အချက်အလက်များနှင့် ပတ်သက်၍ လွဲမှားမှုများ ရှိနေသောကြောင့် ပြင်ဆင်၊ ဖြည့်စွက်ပေးပါရန် အီးမေးလ် ပေးပို့လာပါသည်။ ယခင်သတင်း၌ ကျောင်း တာဝန်ခံဟု ဖေါ်ပြခဲ့သော ဒေါ်မြသန္တာအောင်နှင့် ဆရာ ဦးမြတ်မင်းတို့မှာ ကျောင်းဖွင့်သည့်နေ့တွင် ဧည်သည်တော် အဖြစ်သာ တက်ရောက် ခဲ့သူများဖြစ်ပြီး ကျောင်းဖြစ်မြောက်ရေး ကော်မတီမှ တရားဝင် တာဝန်ပေးအပ်ထားခြင်း မရှိသေးဟု သိရပါသည်။

ယခင်သတင်းတွင် ဒေါ်မြသန္တာအောင် ပြောဆိုခဲ့သော “လာမည့် (၂၀) ရက်နေ့တွင် ကျောင်းအပ် လက်ခံမည်” ဟူဖော်ပြထားခဲ့ရာ ယင်းအစား “ကျောင်း၏ တရားဝင် တာဝန်ရှိသူများအနေဖြင့် ရှေ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို (၁၉-၄-၂၀၁၁) နေ့ အစည်းအဝေးတွင် ဘဏ္ဍာရေး အခြေအနေများကို တွက်ချက်ကာ  ကျောင်းဖွင့်ရက်ကို (၁၅-၅-၂၀၁၁) နေ့ဟု သတ်မှတ်ခဲ့ကြောင်း” နှင့် “ကျောင်းသားများကိုလည်း (၃၅ မှ ၄၀) အထိသာ လက်ခံမည်ဟု  (ကျောင်းဖြစ်မြောက်ရေးကော်မတီမှ) ဆုံးဖြတ်ခဲ့ကြောင်း” ပြန်လည် ပြင်ဆင် ဖြည့်စွက် ဖတ်ရှု ပေးကြ စေလိုပါသည်။
မင်းသုဝဏ် ကျောင်းဖြစ်မြောက်ရေး ကော်မတီကို (၁၈) ရက်နေ့ ဖေဖေါ်ဝါရီလ (၂၀၁၁) ခုနှစ် က အောက်ပါအတိုင်း ဖွဲ့စည်းထားခဲ့ကြောင်းလည်း သိရှိရပါသည်။
အဖွဲ့ဝင်များ
၁။   ဦးဝင်းအေး (ဥက္ကဌ)
၂။   ကိုထွန်းလင်းအောင် (အထွေထွေ အတွင်းရေးမှူး)
၃။   ကိုသံချောင်း (အဖွဲ့ဝင်)
၎။   ကိုသန့်ဇင်ဦး (အဖွဲ့ဝင်)
၅။    ကိုခိုင်ဇော် (စာရင်းကိုင်)
၆။    ဦးတေ (ဘဏ္ဍာရေးမှူး)
အထက်ဖော်ပြပါ ပုဂ္ဂိုလ်တို့သည်သာ မူကြိုကျောင်းနှင့် ပတ်သတ်သော ကိစ္စများကို အဓိက တာဝန်ယူဆောင် ရွက်နေသူများ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment